Alinker Musics and Entertainment Journal Download Zawgyi Font Here
Alinkar [2008   August]
August2008
 Home
 Article
 Testimonial
 Coverstory
 Let's go to studio
 Guitar Library
 Interview
 International
 Lessons
 News
 Cross Words
 Contact Us
Download Alinkar [PDF]
Untitled Page
Advertisement


Blaze ရဲ့ ဒုတိယမီးလျှံ နောနော် ရဲ့ ဒုတိယ အကြိမ်

ကြာတော့ ကြာခဲ့ပါပြီ။ Max Studio မှာ ကျွန်တော် Demo သွားတီးတုန်းက အီးတီက ပြောခဲ့တာ။ ဂစ်တာနဲ့အဆိုကောင်းတဲ့ ကချင် ကောင် လေးတစ်ယောက် သူတွေ့ထားတယ်တဲ့။ အကြောင်း ကြောင်းကြောင့် မဆုံဖြစ်လိုက်ဘူး။ သူက 'နောနော်'။ သူ့ရဲ့ ပထမ 'အတိုင်းထက်အလွန်' Tape & CD ထွက်အပြီး VCD ပြင်ဆင်တဲ့အချိန်မှာ သူတို့ Blaze ကိုဗျူးတော့ သူနဲ့ဆုံဖြစ်တယ်။ ဒီလိုပဲ ရင်ချင်းနီးတော့ အလင်္ကာတွေထဲမှာ နောနော်က အဆင်ပြေပြေ စီးဝင် လာပါတယ်။ သူ့ရဲ့ 'အတိုင်းထက်အလွန်' VCD အတိုင်းအတာကတော့ ဘယ်လောက်အထိ ရောက်ခဲ့ တယ်ဆိုတာ အလင်္ကာတွေ သိပြီး၊ ကြားပြီး၊ မြင်ပြီး သားပါ။ အခု သူတို့ြူဖေန ရဲ့ ဒုတိယအနေနဲ့ နော နော်ရဲ့စကားတချို့ကို နောနော်ပရိသတ် အလင်္ကာ တွေအတွက် တင်ဆက်လိုက်ပါတယ်။

 

Q: နောနော်ရဲ့ ဒုတိယအခွေအကြောင်း ပြောပါဦး။

nawnaw

A: ဒုတိယအခွေအကြောင်းမပြောခင် ပထမဆုံး ကျွန် တော့်ကို လက်ခံအားပေးတဲ့ ပရိသတ်ကို အရမ်း ကျေးဇူးတင် ကြောင်းပြောချင်ပါတယ်။ ဒုတိယအခွေ ကတော့ ပထမအခွေအတိုင်းပဲ Blaze နဲ့ Max နဲ့ Mixing ကိုမြင့်ဇော် ပဲဖြစ်မှာပါ။ အားလုံးကတော့ Rock ပုံစံတွေပါပဲ။ ပထမခွေရဲ့ ပုံစံအတိုင်းမှာ နည်းနည်း လေးပြောင်းထားတာတွေတော့ ပါပါတယ်။ ၁ဝ ပုဒ်ပဲထုတ်ဖြစ်မယ်ထင်ပါတယ်။ ခေါင်းစဉ်ကတော့ အခု အစ်ကိုမေးတဲ့အချိန်မှာ စဉ်းစားတုန်းပဲဗျ။ နောက် တစ်လနှစ်လလောက်မှာတော့ အကုန်ပြီးမယ်မှန်းထား ပါတယ်။

Q: Blaze ကရော လူအပြောင်းအလဲရှိလား။

A: မရှိပါဘူး။ ဂစ်တာသမားတစ်ယောက်ကတော့ ထပ် တိုးထားတယ်။ ခွာသောင်တဲ့။ သူတီးတာလည်း ကျွန်တော်ကြိုက်လို့ပါ။ Show တွေ ဘာတွေမှာလည်း နှစ်ယောက်တီးတော့ ပိုအဆင်ပြေအောင်လို့ပါ။

Q: ဒုတိယအခွေမှာ ဝင်ရေးပေးထားတဲ့ လူတွေကရော။

A: ကျွန်တော်ပါမယ်။ ရန်နောင်ဆိုတဲ့ တစ်ယောက်ပါမယ်။ ခွာသောင်ပါမယ်။ နောက် သားကြီးပါမယ်။

Q: နောနော် တခြားလူတွေ အတွက် သီချင်းတွေ ရေး ပေးထားသေးလား။ ဘာပုံစံတွေလဲ။

A: ကိုလေးဖြူ ကိုနှစ်ပုဒ်။ ကိုအငဲကိုတော့ လေးပုဒ်ပေး ထားပါတယ်။ ဘယ်သီချင်းတွေ သုံးမယ် ဆိုတာတော့ မသိသေးပါဘူး။ သီချင်းတွေကတော့ Rock ထဲက ပုံစံတွေပါပဲ။

Q: နောနော်ရဲ့ ပထမခွေထဲက ဂစ်တာသံတွေက ဘယ် လိုချိန်ထားတာလဲ။

A:  ကျွန်တော် အမှန်အတိုင်းပြောရရင် ကျွန်တော် ချိန်တာ မဟုတ်ဘူးဗျ။ ပထမ Max က ကိုဂျမား ချိန်ပေးတယ်။ နောက် Mixing မှာ ကိုမြင့်ဇော်က ထပ်ချိန်ပေးတယ်။ ကျွန်တော်က အဲဒီလိုချိန်တာတွေကို သိပ်နား မလည်ဘူး။ အဆင်ပြေသလို ချလိုက်တာပဲဗျ။

Q: နောနော်ရဲ့ အဆိုလေ့ကျင့်ပုံက ဘယ်လိုပုံစံလဲ။

A: ကျွန်တော်ကတော့ သူများသီချင်းတွေကို လိုက်ဆိုတာပဲ။ ကိုလေးဖြူ၊ ကိုအငဲ၊ ကိုမျိုးကြီးတို့ရဲ့ သီချင်းတွေကို အော်ကျင့်တာပဲ။ တခြားသီချင်းတွေကိုလည်း အဲလိုပဲ အော်ကျင့်တာပဲဗျ။

Q: နောနော်ရဲ့ Show ဆိုတဲ့အချQ: နောနော်ရဲ့ Show ဆိုတဲ့အချိန်မှာ ပရိသတ်ရဲ့ Feel ကိုသတိထားမိလား။

A: ကျွန်တော်ကတော့ Show ပေါ်တက် ရင် ဂစ်တာလည်း တီး၊ သီချင်းလည်းဆို ဆိုတော့ ကိုယ့်ဟာနဲ့ ကိုယ်တိုင်ပတ်နေ တော့ပရိသတ်ကို သိပ်သတိမထား ဖြစ်ဘူးဗျ။ သတိ နည်းနည်းထား မိတာက တောင်ကြီးသင်္ကြန်မှာ သတိထားမိတယ်။Show တွေမှာ ပရိသတ်ရဲ့ Feeling က မိုက်တယ်ဗျ။

Q: နောနော်ရဲ့ ဒုတိယခွေ cover design ရောစဉ်းစားပြီးပြီလား။

A: စဉ်းတော့ စဉ်းစားပြီးပြီဗျ။ ဒါပေ မယ့် ပုံပြမှရမှာဆိုတော့ ဒီအတိုင်း ရှင်းပြလို့မလွယ်ဘူး။ ထွက်လာ ရင်တော့ တွေ့မှာပါ။

Q: နောနော်ကို ရူးသွပ်တဲ့ ဆယ် ကျော်သက်တစ်ယောက်က နောနော်လို သီချင်းရေးချင် တယ်ဆိုရင် ဘယ်လို ပြောမလဲ။

A: ကျွန်တော်က ဂီတသက်တမ်း လည်း နုသေးတော့ သိပ်တော့ မသိဘူးဗျ။ ကျွန်တော် နားလည်သလောက် ပြောရရင်တော့ သီချင်းများများနားထောင်၊ နောက်များများရေး၊ စာလည်း များ များဖတ်ပေါ့။ အဲဒါဆိုရင် အဆင်ပြေ သွားလိမ့်မယ်။ ကြိုးစားရင် ရမှာပါ။

Q: နောနော်လည်း Underground Band တွေကြားမှာ တီးလာခဲ့တဲ့လူဆိုတော့ လက်ရှိမှာ အခွေ မထွက်နိုင်လို့ စိတ်လေ နေတဲ့ တချို့ Underground Band တွေကို ဘာပြောချင်လဲ။

A: အဲဒါကတော့ မထွက်နိုင် ဘူးဆိုတာက ဟုတ်မှာပါ။ ဒီက ခိုးကူး အခြေအနေကြောင့် မူပိုင်တွေ မထုတ်ရဲတာလည်း ပါပါတယ်။ ဘာပဲ ဖြစ်ဖြစ် စိတ်ဓာတ်ကတော့ ကျစရာမလိုပါဘူး။ ဒီအထဲမှာနေပြီး ဆက်ကြိုးစားဖို့၊ အချိန်တွေ ပေးဆပ်ဖို့လိုမှာပါ။ ဒီလိုသာ ဇွဲမလျှော့ ဘဲဆက်လုပ်နေရင် တစ်ချိန်ချိန် မှာဖြစ်လာမှာ ကျွန်တော် သိတယ် ဗျ။ ဖြစ်လာ ကြမှာပါ။ အချိန်တော့ လိုတာပေါ့။

Q: နောနော်နဲ့ ဂစ်တာ စတွေ့ပြီးတီးခဲ့တဲ့ ဖြတ်သန်းမှုကို အမှတ်တရ ပြန်ပြောပါဦး။

A: ကျွန်တော်က ခြောက်တန်းလောက်မှ ဂစ်တာစတီးတယ်။ အရင်က Rock ထွဏ်းထွဏ်းရဲ့ သီချင်း 'ဟိုး စိုးမိုး၊ ရင်ထဲလှုပ်ခါနိုင်စွမ်းရှိလေသူ' ဆိုတာကို တီးချင်တာက စတာဗျ။ နောက်ပိုင်း ကျွန်တော့်အစ်ကိုဆီက chord တွေဘာတွေစသင်တယ်။ ၇ တန်း၊ ၈ တန်း လောက်မှာ တော့ သီချင်းတော့ လေးငါးပုဒ်လောက် ဆိုတီးနိုင်နေပြီ။ ၉ တန်း၊ ၁ဝ တန်းလောက်မှာတော့ ဝါသနာက ရူးသွပ်မှုအထိ ရောက်သွားပြီ။ တခြား ဘာမှကို စိတ်မဝင်စားတော့ဘူး။ ဒီဟာပဲ လုပ်မယ်၊ ဖြစ်ချင်တာဖြစ်ဆိုပြီး လုပ်ခဲ့တာပဲ။ ကျွန်တော်ကတော့ အမြဲတမ်း သီချင်းဆိုလိုက် တီးလိုက်နဲ့နေတော့ အဲဒါတွေက Practice လို ဖြစ်သွားတာပေါ့။ ကျွန်တော်က လမ်းဘေးတွေမှာ သူငယ်ချင်းတွေနဲ့ အော်အော်ဆိုရတာ ပိုကြိုက်တယ်ဗျ။ အဲဒါ တွေလုပ်ရင်းနဲ့ ဂစ်တာနဲ့ကျွန်တော်နဲ့က တွဲလျက်လို ဖြစ်သွားခဲ့ တာ။

Q: နောနော် ဒီရန်ကုန် music လောကထဲစဝင်တာက ဘယ် အချိန်လောက်ကလဲ။ အမှတ်တရတွေ ဘာရှိလဲ။

A: ကျွန်တော် ၂ဝဝဝ ဝန်းကျင်လောက်မှာ စလှုပ်ရှားဖြစ်တယ်။ နောက် သူငယ် ချင်းတွေနဲ့ Demo တွေ တီးဖြစ်တယ်။ အဲဒီမှာ ရူးသွပ်တာက ထိန်းမရတော့ဘူးလေ။ နောက် အမှတ်တရတစ်ခုက မြစ်ကြီးနားမှာ အစ်ကိုတစ်ယောက် က မင်း show လုပ်မလားဆိုတော့ ခပ်တည်တည်နဲ့ One Man Show လုပ်ချလိုက်တာ။ တော်သေးတယ်၊ အောက်က ခဲတွေဘာတွေနဲ့မထုလို့။ နယ်မှာက သူငယ်ချင်းတွေချည်းပဲ ဆိုတော့ တော်သေးတာပေါ့။ ဒါပေမယ့် နောက်နေ့ကျတော့ ရှက်လို့အပြင် မထွက်ရဲဘူး။ အိမ်ထဲမှာ ပုန်းနေရတယ်။ အဲဒါ ၂ဝဝ၂ လောက်ကဗျ။ ဘာမှမစဉ်းစားဘဲ ကိုယ့်သီချင်းတွေ ကိုယ်လုပ်ဖြစ်ခဲ့တာ။ အခုမှ ပြန်တွေးပြီး ရှက်နေတာဗျ။

 

Q: နောနော်ရဲ့ ဒုတိယအခွေကို စောင့်နေတဲ့ အလင်္ကာတွေကို တစ်ခုခုပြောပါဦး။

A: ကျွန်တော်က့ကို စောင့်နေတယ်ဆိုရင် အများကြီးကျေးဇူးတင်တယ်ဗျ။ ကျွန် တော်တို့ Blaze က အစွမ်းကုန် လုပ် ထားပါတယ်။ ကျွန်တော်က စကား သိပ် မပြောတတ်တော့ အမှားပါရင် ခွင့်လွှတ် ပါလို့။ အလင်္ကာကိုရော၊ ပရိသတ်တွေကို ရော အရမ်းကျေးဇူးတင်ပါတယ်လို့။

ကဲ . . . နောနော်ရဲ့ Blaze ကတော့ ဒုတိယခွေလာဖို့ အဆင်သင့် ဖြစ်နေပါပြီ။ 'အတိုင်းထက်အလွန်' လိုမျိုး အားပေးကြမယ်လို့ မျှော်လင့် နေပါတယ်။ တစ်ခုခုတော့ အသစ်ရမှာပါလို့ ကြိုပြော ချင်ပါတယ်။

မိုနိုလေး
Back To Top
   
Posted Date : Tuesday, August 26, 2008
Home | Articles | Comics | Coverstory | Download | Guiter Library | Interview | International | Lessons | Let's go to Studio | Testimonial
Copyright © Alinkar Musics & Entertainment Journal. All rights Reserved.Powered By CronyNetz.