Alinkar Musics and Entertainment Journal Download Zawgyi Font Here
Alinkar [2008   August]
August2008
 Home
 Article
 Testimonial
 Coverstory
 Let's go to studio
 Guitar Library
 Interview
 International
 Lessons
 News
 Cross Words
 Contact Us
Download Alinkar [PDF]
Untitled Page
Advertisement
Guitar Library

Guitar Library

တစ်ခါတစ်လေ သင်တန်း အားနေတဲ့အချိန်တွေမှာ အပျင်းလည်း ပြေ၊ ပညာလည်းရအောင် ဂစ်တာ lesson ခွေ (သို့) performance ခွေလေးတွေ ကြည့်ဖြစ် ပါတယ်။ ဒီနေ့တော့ တစ်ချပ်လုံးမကြည့်ရသေး ဘဲ တစ်ပုဒ်နှစ်ပုဒ်သာကြည့်ရသေးတဲ့ ဂစ်တာပညာရှင်တစ်ယောက်ရဲ့ CD ချပ်ကို ရွေးဖွင့်လိုက်ပါတယ်။

Guitar Library

သူ့နာမည်က Carlos Barbosa-Lima ဖြစ်ပါတယ်။ သူ arrange လုပ်ထားတဲ့ ကွန်ပိုဆာ Joao Pernambuco ရဲ့ 'Sons De Carrilhoes ' (Sound of Bells) ဆိုရင် အလွန်နားဝင်ချိုပြီး နားထောင် ရတာ အရသာရှိလှပါတယ်။ တီးကွက်တွေနဲ့ Technique တွေကလည်း ဆန်းပြားပါတယ်။ ဂစ်တာတီးနေတဲ့ သူ့ လက်ချောင်းတွေကိုကြည့်ခြင်း အားဖြင့် အသံမကြားရတောင်မှ တီးရတာခက်ခဲလှကြောင်း ခန့်မှန်းမိနိုင် မှာဖြစ်ပါတယ်။ သူဟာ Brazilian ဂစ်တာသမားတစ်ယောက်ဖြစ် နိုင်ပါတယ်။ Brazilian pop သီချင်းတွေကို ဒီလိုဂစ်တာနဲ့ တီးတာမြင်ရင်၊ ဂစ်တာကိုမကြိုက်ဘူးဆိုတဲ့လူတောင် ဂစ်တာတီးချင်စိတ်တွေတားမရ၊ ဆီးမ ရဖြစ်လာမှာသေချာပါတယ်။

သူဟာ နိုင်လွန်ကြိုး classical ဂစ်တာနဲ့တီးနေပေမယ့် သမား ရိုးကျ classical ဂီတကို တီးတာ မဟုတ်ပါဘူး။ ဘရာဇီး ပေါ့ပ်သီချင်းတွေနဲ့ ဘရာဇီး ဂျက်ဇ်ဆန်တဲ့ သီချင်းပုံစံ တွေကိုတီးပြ သွားတာပါ။ နောက် Flamenco အငွေ့ အသက်မကင်းတဲ့ သီချင်းမျိုးတွေလည်း ပါပါသေး တယ်။

သူတီးတာကိုကြည့်ပြီး ဂစ်တာက ပရိသတ်ကို ပေးနိုင် တဲ့ Flamenco တစ်ခုကို သတိထားလိုက်မိပါ တယ်။ အဲဒါကတော့ ဂစ်တာဟာ နားသောတဆင်သူ တွေကို အသံတစ်ခုတည်းနဲ့တင် ဖျော်ဖြေနေတာ မ ဟုတ်ဘဲ တီးကွက်ဖော်နေတဲ့လက် ချောင်းလေးတွေက လည်း ကကြိုးကကွက်တွေနဲ့ တွဲဖက်ပြီးဖျော်ဖြေတဲ့ သ ဘောဖြစ်နေပါတယ်။

Classical (သို့) Jazz Guitar Solo တစ်ပုဒ်မှာ တီးခတ်ရတဲ့ လက်ချောင်းလှုပ်ရှားမှုတွေဟာ ကြား နေရတဲ့ဂီတသံကို သရုပ်ဖော်ပြနေတဲ့ အသံပန်းချီကား လိုပါပဲ။ ဒါဟာ Front View ကနေကြည့်ရင် တခြားတူရိယာတွေမှာ ဒါမျိုး အသံပန်းချီလို အမြင်အာရုံမျိုး မပေးနိုင်တဲ့ အားနည်းချက် မျိုး ဂစ်တာမှာမရှိပါဘူး။

ကျွန်တော်တို့ နားအကြား အာရုံဟာ အဝေးက တစ်စုံတစ်ခုကို ကြားရုံပဲ ကြားတာ မဟုတ်ပါဘူး။ အသံ ထွက်ပေါ်လာတဲ့ အရာဝတ္ထုကို စုံစမ်း သိရှိပြီး၊ အဲဒီအရာဟာ ကိုယ်နဲ့ ဘယ် လောက်ဝေးသလဲဆိုတာကိုပါ ဆုံးဖြတ် ပေးတယ်။ ဥပမာ-ခပ်ဝေးဝေးက မော် တော်ကား အင်ဂျင်စက်သံကို ကြား လိုက်ရတာကြောင့် မော်တော်ကားမှန်း သိပြီး၊ အဲဒီကားဟာ လမ်းထိပ်နား လောက်ကဆိုတဲ့ အကွာအဝေးကိုပါ သိလိုက်ရတယ်။

ဂီတ။ ဂီတသံကို ကျွန်တော်တို့ နေ့တိုင်း ကြားနေရတယ်။ ဂီတသံဆိုတာလည်း အသံပဲ ဖြစ်တာကြောင့် ကျွန်တော်တို့ ကြားရုံပဲ ကြားနေတာမဟုတ်ပါဘူး။ ကြားလိုက် ရတဲ့ ဂီတဟာ Pop, Hip-Hop, Rock, Classical, Jazz တစ်ခုခုလားဆိုတာ ချက်ချင်း ဆုံးဖြတ်ပေးတယ်။ ဒါ့အပြင် အကွာအ ဝေးကိုပါ သိလိုက်ရတယ်။ ဒါပေမယ့် ဂီတမှာရှိတဲ့ အကွာ အဝေးက တစ်မျိုးဗျ။ ဂီတသံ ကြားလိုက် တာနဲ့ ဒါ Hip-Hop၊ ညာဘက် နှစ်အိမ်ကျော်လောက်မှာ ဖွင့် ထားတဲ့ ကက်ဆက်ကဆိုတဲ့ အကွာ အဝေးမျိုးကို ပြော တာမဟုတ်ဘူး။

ဒါဟာ Pop ဖြစ်တယ်။ Melody က လှတယ်။ Harmony တွေ က ထူးဆန်းတယ်။ အဆိုက ဆွဲ ဆောင်မှုမရှိဘူး။ Keyboard Part က အား ကောင်းတယ်။ Drum ရိုက် ချက်က ဒီနေရာမှာ ချိုးသွား တာလှတယ်။ Guitar အပိုဒ်က ဒီနေရာမှာ Harmony အကြောင် ကလေးတွေ ထည့်တီးသွားတာ စွဲမက်စရာ ကောင်းတယ်။ Harmony အဆိုက cho မှာ Round ပုံစံနဲ့ သွားတယ်ဆိုတာ တွေကို ဆန်းစစ်သိရှိနိုင်တဲ့ အကွာအဝေးကို ပြောတာ။ 'မင်းကလည်း ဝေးလိုက်တာ ကွာ' ဆိုတာမျိုး အပြောမခံရအောင်လို့ ဂီတရဲ့ အကွာ အဝေးတွေကို သိဖို့ ကျွန် တော် အမြဲကြိုးစားနေခဲ့ပါတယ်။ အား လုံးလည်း ကြိုးစားလိမ့်မယ်လို့ မျှော် လင့်လျက် . . .။

ကိုစိုင်း (Guitar Library)

ဆရာ ကိုစိုင်းခင်ဗျား

ခင်မင်လေးစားစွာဖြင့် နေမျိုး စာရေးလိုက်ပါတယ်။ ကိုစိုင်းကို သိတာ ကြာပါပြီ။ အလင်္ကာတွေ ဖတ်ရင်းနဲ့ ပေါ့။ ကိုစိုင်းကို မမြင်ဖူးပေမယ့် ကိုစိုင်း ရဲ့ အပြောအဆိုတွေကြောင့် ကိုစိုင်းဟာ သဘောကောင်းတဲ့လူ၊ ခင်မင်စရာ ကောင်းတဲ့လူလို့ ခန့်မှန်းမိပါတယ်။ ကျွန် တော်လည်း ကိုစိုင်းလိုပဲ ဂီတကို ဝါသနာ ပါတဲ့ လူတစ်ယောက်ပါ။ အသက် ၁၂ နှစ်လောက်က တီးခဲ့တယ်ပေါ့။ ကျွန် တော် သင်တန်းမတက်ဖြစ်ဘူး။ ဝါသနာ ပါတာထက် ဂီတနဲ့ပတ်သက်ရင် ကျွန် တော်က အရူးတစ်ယောက်ပဲ။ နယ်မှာပဲ အခြေချဖြစ်တဲ့အတွက် သင်တန်း ဆိုတာလည်း မရှိဘူး။ နီးစပ်ရာ သူတွေ ဆီကိုတော့ lesson စာအုပ်တွေ ဝယ် ခိုင်းတာပဲ။ အခု ကျွန်တော်က ဆရာ ဦးညီညီထွေးရဲ့ စာအုပ်ကို သုတေသန ပြုနေပါတယ်။ စာအုပ်နဲ့အတူ VCD ပါ ပါတော့ ပိုအဆင်ပြေတာပေါ့။ Tap Notes တွေဖြစ်တဲ့အတွက်လည်း Note ဖတ်ရတာ အဆင်ပြေပါတယ်။ အမှန် အတိုင်းဝန်ခံရရင် ကျွန်တော်ဟာ ဒို၊ ရေ၊ မီ၊ ဖာတွေကို တီးတော့ တီးနေတာ ပဲ။ ဒါပေမယ့် Note နဲ့ ချရေးလို့ မရ သေးဘူးဗျ။ များသောအားဖြင့် hearing နဲ့ပဲ တီးလာတာကြာတော့ ကျွန်တော့် ထက်သာတဲ့ ဝါရင့်တွေက ဝေဖန်တယ်၊ သူတို့လည်း International တွေနဲ့ လေ့ကျင့်ပြသပေးတယ်။ ဒါပေမယ့် မရဘူးဗျ။ ဒီလိုပြောလိုက်လို့ ကျွန်တော်ကို 'မင်း ငတုံးပဲ'လို့ ပြောရင်လည်း ကျွန်တော် စိတ်မဆိုးပါဘူး။ ကိုစိုင်းကို ကျွန်တော် ခင်တာပဲလေ။ ကျွန်တော်အကူအညီ တစ်ခုတောင်းချင်ပါတယ်။ တစ်ခုတော့ မကဘူးပေါ့နော်။ များသွားရင်လည်း သည်းခံ ခွင့်လွှတ်ပေးပါ။

  • No.1 International Note ကို နားလည်နည်း။
  • No.2 Note ထုတ်တဲ့ သင်္ကေတ များကို အဓိပ္ပာယ်၊ အခေါ်အဝေါ်များနဲ့ မီးနင်းလိုမျိုး အသေးစိတ် ရှင်းပြပါ။ (အကူအညီတောင်းတာပါ)
  • No.3 Classical တီးခတ်နည်းကို အလင်္ကာ စာအုပ်ထဲမှာ အသေးစိတ်နဲ့ လေ့ကျင့်ခန်းသုံးခုလောက် ပြပေးပါ။ (ဖြစ်နိုင်ရင် "7" ကော့ဒ်တွေမပါ တဲ့ Key-C နဲ့ Key-G ကို ပြပေးပါ)

 များသွားလားတော့ မသိဘူး ဗျ။ ၃ ချက်ရှိတဲ့အနက် အကုန်လုံးကို မပြနိုင်ရင် တောင် ကိုစိုင်းအဆင်ပြေမယ့် အချက်ကိုပဲပြပေးပါ။ အားကိုး တကြီးနဲ့ မျှော်လင့်ပါရစေ။ ကိုစိုင်းနေကောင်းပါစေ။ ဒါပါပဲလို့။

  နေမျိုး
       အမှတ်-၃/၂၇၊ နှင်းဆီလမ်း၊ ကွန်ဟိန်းမြို့နယ်၊ ကွန်ဟိန်းမြို့၊
       ရှမ်း/တောင်။

Guitar Library ကို မေးတဲ့အတွက် အထူးကျေးဇူးတင်ပါ တယ်။ ညီငယ်က Hearing နဲ့ တီးတယ်ပြောတယ်။ Hearing နဲ့ တီးတဲ့အတွက် စိတ်ပျက်မနေပါနဲ့။ ကျွန်တော်တို့ ငယ်ငယ်တုန်းကလည်း စာအုပ်စာတမ်းတွေ ရှားပါးတော့ နားနဲ့ပဲ နားထောင်ပြီး တီးခဲ့ကြရပါတယ်။ ဂီတ သံစဉ်တွေကို နားနဲ့နားထောင်ပြီး တီး နိုင်တာလည်း အရည်အချင်းတစ်ခုပါပဲ။ အခု International Note ကို တီးဖို့ အားသန်လာပြီဆိုတော့ ပိုကောင်းတာ ပေါ့။

Guitar Library

ညီငယ်တောင်းဆိုထား သလို Note နဲ့ Classical Guitar တီး နည်းတွေကို မဂ္ဂဇင်းကနေတဆင့် သင် ပေးရတာ သိပ်တော့ မလွယ်ကူလှဘူး ပေါ့။ ပြဿနာတစ်ခုက ဒါတွေကို တစ်လတည်း နဲ့ ပြည့်စုံအောင် သင်ပေးလို့မရသလို လစဉ်ဆက်ရေးဖြစ်ဖို့ကလည်း ကျွန်တော် တို့ဖက်က တော်တော်လေး အားယူရ တယ်လေ။ အဲဒါကြောင့် တချို့နယ်က ဂစ်တာဝါသနာရှင်တွေအတွက် သက် ဆိုင်တဲ့ စာအုပ်တစ်အုပ်ကို မိတ္တူ ကူးပြီးတော့ပဲ ပေးပို့ခဲ့ဖူး ပါတယ်။ လူတိုင်း အယောက်တိုင်းကိုတော့ ဘယ်တတ်နိုင် မလဲ။ ကျွန်တော်လည်း နိုင်နင်းမယ့် အနေအထားမျိုး၊ တစ်ဖက်ကလည်း တကယ်အလိုရှိနေတာမျိုးဆိုရင် တတ် နိုင်သလောက် ပို့ပေးမှာပါ။ အခုလို ပြောရတာက ဒီဘက်က ကျွန်တော် လစဉ် သင်ခန်းစာတွေကို ရေးပေး နိုင်တယ်ဆိုဦး၊ တစ်လ တစ်လ စောင့်ပြီး လေ့လာဖို့က မလွယ် ဘူးလေ။ အဲဒီတော့ Note အကြောင်း ကို ရှင်းပြမယ်။ Classical Guitar တီးနည်းအကြောင်းကို ရှင်းပြမယ်။ ညီငယ်က ကျွန်တော်ရှင်းပြတဲ့ အချက် တွေအပေါ် အခြေခံပြီး ပို့ပေးမယ့် စာအုပ်ကိုပဲ အဓိကထားလေ့လာမယ် ဆိုရင် ပိုပြီးအဆင်ပြေလိမ့်မယ်လို့ ထင်ပါတယ်။

ကျွန်တော်ပြောချင်တာက Classic ဆိုတာ ဘာမှန်းမသိသေးခင် မှာ အရပ်စကား plucking လောက် တော့ သိထားရမယ်။ အဲဒီ plucking က ညာဘက်လက်ချောင်း အသုံး ပြုပုံမျိုးနဲ့ ဒိုရေမီဖာလို့ပြောတဲ့ မေဂျာစကေး လောက်ကို အတက်အဆင်း ကျင့်ထား တာမျိုးတွေ လျှောက်လုပ်ထားရင် မဆိုး လှဘူး။ Rhythm ကော့ဒ်တွေ တီးတဲ့အခါ၊ တစ်ခါတလေ ညာ ဘက်လက်မနဲ့ Bass အသံလေးတွေ ရောထွေးရတဲ့ ပုံစံမျိုးတွေနဲ့ ယဉ်ပါး နေရမယ်။ အဲဒီလောက်တော့ ကြား ဆရာ၊ မြင်ဆရာတွေဆီကနေ ရနေ သိနေသလောက်ရောပေါ့။ အဲဒါတွေက Classic တီးတဲ့အခါ အထောက်အကူ ပေးတယ်။

International Note ၊ ဟိုတုန်းကတော့ ပဲပင်ပေါက်နုတ်လို့ ခေါ်တယ်။ အရပ်ထဲမှာ လှောင်ပြောင် ပြောရင်းနဲ့ အတည်ဖြစ်သွားတဲ့ အခေါ် အဝေါ်တစ်ခုပဲ။ စိတ်ဝင်တစားလေ့လာ တော့မယ်ဆိုရင် မခက်ပါဘူး။ ကိုယ် မသိသေးခင် အရာရာဟာ ခက်ခဲနေ တာပဲ။ Note လေလာ့ဖို့အတွက် အရေးကြီးတဲ့ short cut တွေ ပြောပြ ပါမယ်။ - International Noteမှာ လိုင်း ၅ လိုင်းရှိတယ်။

Classical Guitar တီး နည်းကို လေ့ကျင့်ခန်း ၃ ခုလောက်နဲ့ ရှင်းလင်းပြဖို့ မလွယ်လှပါဘူး။ ဘာပဲ ဖြစ်ဖြစ် ကြိုးစားလေ့လာရမယ်၊ အခြေခံ အကျဆုံးစာအုပ်ကို လိပ်စာအတိုင်း ပို့ပေး လိုက်ပါမယ်။ အခုတော့ အလင်္ကာ ဂစ် တာဝါသနာရှင်များနဲ့ ညီငယ့်အတွက် ကျွန်တော် ပထမဦးဆုံးstaff noteမရသေးဘဲ တီးခဲ့တဲ့သီချင်းလေးကို လက်ဆောင်ထည့်ပေးလိုက်ပါတယ်။ ကျွန် တော်တီးတုန်းကတော့ Tablature မပေါ်သေးဘူး။ နုတ် မတတ်သေးတဲ့လူတွေ လည်း ခံစားတီးခတ်နိုင်အောင် Tab နဲ့တွဲပြီး အသစ်ပြန်ရေးထားတယ်။

Classical Guitar ဆို တာ ဘာမှန်းတောင်မသိသေးဘဲ ဒီ သီချင်းကို စမ်းခဲ့တဲ့အကြောင်း ပြောရတာ။ ကိုယ်ရည် သွေးချင်လို့ မဟုတ်ပါဘူး။ ကိုယ်က လုပ်ချင်လာပြီဆိုရင် ဘယ်အရာမှာ တား လို့မရဘူးဆိုတာကို ပြောချင်တာပါ။ အ ခက်အခဲဆိုတာ လူတိုင်းမှာရှိပါတယ်။ စိတ်ထက်သန်မှုနဲ့ ကြံ့ကြံ့ခံနိုင်မှုတွေ လိုပါတယ်။ စာအုပ်တွေ ပို့လိုက်မယ်၊ ခဏ တော့ သည်းခံပြီးစောင့်ပေးပါဦး။ ဒီသီချင်း လေးကိုလည်း တီးထားကြည့်ဦးပေါ့။ သီ ချင်းနာမည်က Santa Luica ဖြစ်ပါ တယ်။ 3/8 Timing မှာ ဖြစ်ပါတယ်။

3/8စည်းဝါးကို Simple Triple Time လို့ခေါ်ပါတယ်။ ဒါ ကြောင့် အောက်ဂဏန်း 8 အရ eight note တန်ဖိုးတစ်ခုကို ရိုက်ချက်တစ်ချက် အ နေနဲ့ သတ်မှတ်ပါတယ်။ အပေါ်ဂဏန်း ၃ အရ၊ တစ်ဘားအတွင်း ရိုက်ချက် ၃ ချက်ရှိကြောင်း သိနေရပါလိမ့်မယ်။ သီချင်း ရဲ့ 7,15,31 ဘားတွေမှာ Small note လေးတွေ တွေ့ပါလိမ့်မယ်။ အဲဒီနုတ်လေး တွေဟာ အသံကိုလှပအောင် တန်ဆာဆင် ပေးတာကြောင့် သူ့ကို Grace (သို့) Embellishment လို့ခေါ်ပါတယ်။ အဲဒါမျိုး တန်ဆာဆင်တဲ့ နည်းစနစ်များစွာထဲက Acciaccatura (အသံထွက် aht-chah-kah-tod-rah= အတ်ချပ်ကပ် ထူးရပ်) ဟာ ဒီ နုတ်အသေးလေးတွေကို ပြောတာပါ။ Acciac-catura ဆိုတာ အီတလီလို 'crushing in' လို့ အဓိပ္ပာယ်ရပါတယ်။ သူ့ ကို တီးတဲ့ခါ မြန်နိုင်သလောက် မြန်မြန် slur ပုံစံမျိုးနဲ့ တီးရပါမယ်။ ရိုက်ချက်ရဲ့ အကျ(on)ပေါ်မှာ တီးရမှာ ဖြစ်ပေမယ့် ကိုယ်ပိုင်နရီမရှိဘူး လို့ သဘောထားပြီး တီးမှာ ဖြစ်ပြီး၊ သူ့ရဲ့အဓိက နုတ်နဲ့ ကွဲပြီး တီးရမှာဖြစ်ပါတယ်။ Acciaccatura ကို ဖော်ပြ ရာမှာ သူ့ရဲ့ stem နဲ့ flag ကို ဖြတ်ပြီး မျဉ်းလေး ဆွဲပြီး အခုလို ရေးပါတယ်။

အခုသီချင်းမှာပါတဲ့ နုတ် သေးသေးလေးတွေက ၂ လုံး ဖြစ်နေတာကြောင့် သူ့ကို Double Acciaccaturaလို့ ခေါ်ပါ တယ်။ မျဉ်းကွေး (slur)လေးနဲ့ပြထား တဲ့ နုတ် ၂ လုံးနဲ့ အဓိကနုတ်တွေကို ဖြစ်နိုင်သမျှ မြန်မြန်တီးရမှာဖြစ်ပါတယ်။ နုတ်လေးတွေဟာ အမြင့်ကနေအနိမ့်ကို သွားတဲ့အတွက် Downward (Accia- ccatura) လို့ ခေါ်ပါတယ်။

သီချင်းမှာပါဝင်တဲ့ နုတ်တွေ ရဲ့ သဘောတရားကို ရှင်းပြပါမယ်။

ဘားနံပါတ် (၁) Bass နဲ့ Melody ကို 1,2,3 & ပုံစံနဲ့ တီးရမယ်။

ဘားနံပါတ် (၂) Bass နဲ့ Melody ကို 1 e & a, 2, 3 ပုံစံနဲ့ တီးရမယ်။

ဘားနံပါတ် (7,8) Bass နဲ့ Melody ကို 1,2,3 ပုံစံ နဲ့ တီးရမယ်။ သတိထားရမှာက ဘား ၇ ရဲ့ ဒုတိယရိုက်ချက်မှာ Double Acciaccatura ထည့်တီးရန်မမေ့ဖို့ပဲ။ ဒါ လောက်ဆိုရင် သီချင်းရဲ့ကျန်တဲ့အပိုင်း တွေကိုခန့်မှန်းလို့ရသွားပြီပေါ့။ Acciaccaturaဟာ Appoggiatura (အသံ ထွက်-အဖိုးယာထူးရာ) မဟုတ်ဘူးဆိုတာ နောက်ပိုင်း အလျဉ်းသင့်ရင် ရှင်းပြသွား ပါမယ်။

 
ကိုစိုင်း
Guitar Library
Back To Top
ကိုစိုင်း
Posted Date : Tuesday, August 26, 2008
Home | Articles | Comics | Coverstory | Download | Guiter Library | Interview | International | Lessons | Let's go to Studio | Testimonial
Copyright © Alinkar Musics & Entertainment Journal. All rights Reserved.Powered By CronyNetz.