Alinker Musics and Entertainment Journal Download Zawgyi Font Here
Alinkar [2008   August]
August2008
 Home
 Article
 Testimonial
 Coverstory
 Let's go to studio
 Guitar Library
 Interview
 International
 Lessons
 News
 Cross Words
 Contact Us
Download Alinkar [PDF]
Untitled Page
Advertisement


အလင်္ကာ ပြည်တွင်းသတင်းတို

ဒီလ အလင်္ကာ ပရိသတ်များအတွက် ဂီတ အနုပညာရှင်များ၊ ပန်းချီ ပညာရှင်ကြီးများရဲ့ နာဂစ် လေဘေးသင့် ပြည်သူများအတွက် ကူညီလှူဒါန်းမှု များအပြင် အနုပညာရှင်များရဲ့ သူတို့ဖန်တီးထားတဲ့ ဂီတလက်ရာများကို ပရိသတ်များအတွက် ချပြဖို့စီစဉ်တဲ့ ပွဲများသတင်းကို ထူးထူးခြားခြားတင်ပြပေးလိုက်ပါတယ်။

ဧရာဝတီတိုင်း မော်လမြိုင်ကျွန်း ဒေသ ရှိကျေးရွာများကို သွားရောက် လှူဒါန်းဖျော်ဖြေခဲ့တဲ့ ကရုဏာသံ စဉ်ပွဲတော်

ပြီးခဲ့တဲ့ ဇွန်လက မန္တလေးမြို့ ဗထူး အားကစားကွင်းကြီးမှာ ကျင်းပ ခဲ့တဲ့ ကရုဏာသံစဉ်ဂီတပွဲတော်မှ ရရှိ ခဲ့တဲ့ အလှူငွေများနဲ့ ထောက်ပံ့ရေး ပစ္စည်းများကို ဇူလိုင်လ ၃ ရက်နေ့က ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းဒေသ မှာရှိဲ့ အထက်ဂျိုးဖြူ၊ အောက်ဂျိုးဖြူ၊ နတ်မှူး၊ တပ်စိတ်၊ မယ်ကလီနှင့် ကျားချောင်းကျေး ရွာများသို့ သွားရောက် လှူဒါန်းဖြေဖျော်ခဲ့ ကြရာမှာ မြန်မာနိုင်ငံ ဂီတအစည်းအရုံး (ဗဟို)မှ တွဲဘက်အတွင်းရေးမှူး-၃ ဦးသစ် မင်းခေါင်းဆောင်ပြီး အစည်းအရုံး (ဗဟို) အမှုဆောင်အဖွဲ့ဝင်များ၊ အနုပညာရှင်များ ဖြစ်ကြတဲ့ ဘိုဘိုဟန်၊ ဂျေမောင်မောင်၊ တင်ဦးလေး၊ တက္ကသိုလ်ကိုကိုနိုင်၊ ဖိုးကာ၊ ဘိုဖြူ၊ မာရဇ္ဇ၊ ဆောင်းဦးလှိုင်၊ ချစ်ကောင်း၊ Rဇာနည်၊တူးတူး၊ J-Me ၊ ကြက်ဖ၊ ရသ၊ လင်းပင်ဟိန်း၊ Cobra၊ ဇွဲနိုင်ဝင်း၊ သျှီ၊ ပိုးအိစံ၊ ရတနာ၊ ရည်မွန်၊ ရွှေထိုက်၊ အိမ့်ချစ်၊ ကာကာ စတဲ့အနုပညာရှင်ပေါင်း များစွာက တေးသီချင်းများ သီဆိုတီးခတ်ပြ ပြီး အလှူငွေများနဲ့ ထောက်ပံ့ရေးပစ္စည်း များကို ပေးအပ်လှူဒါန်းကြရာမှာ စုစုပေါင်း ငွေကျပ် သိန်း ၃ဝဝ ဖိုးခန့် ထောက်ပံ့လှူ ဒါန်းခဲ့ကြောင်း သိရပါတယ်။

Senior Artis ပန်းချီပြပွဲ

ဝါရင့် ပန်းချီဆရာကြီးများက နာဂစ်လေဘေးသင့် ပြည်သူများအတွက် ပန်းချီကားများ ရေးဆွဲပြီး ခင်းကျင်း ရောင်းချပွဲတစ်ခုကို ၂ဝဝ၈ ခုနှစ်၊ ဇွန်လ ၂၈ ရက်နေ့မှ ဇူလိုင်လ ၄ ရက်နေ့အထိ နံနက် ၁ဝ နာရီမှ ညနေ ၅ နာရီအထိ ၇ ရက်တိုင်တိုင် ရန်ကုန်မြို့ Park Royal Hotel မှာကျင်းပသွားခဲ့ပါတယ်။ Senior Artis လို့ အမည်ပေးထားတဲ့ ပန်းချီပြပွဲမှာ အသက် ၇ဝ ကျော် ပန်းချီဆရာကြီးများဖြစ်ကြတဲ့ ဦးမောင်မောင်သိန်း၊ ဦးမြသန်း၊ ဦးတင်ဦး၊ ဦးကြည်ဝင်း၊ ဦးတင်မြ၊ ဦးလှသိန်း အောင်၊ ဦးသန်းဝင်းထွန်းတို့ ၇ ဦးက ရေးဆွဲကြတဲ့ ရေဆေး၊ ဆီဆေး၊ မင်ခြစ်စတဲ့ ပန်းချီကားများကို ရေးဆွဲပြသရောင်းချကြတာဖြစ်ပါတယ်။ ရောင်းချပွဲဟာ နာဂစ်ဒုက္ခသည်များအတွက်ရည်ရွယ်ပြီး ပြုလုပ်တဲ့ပွဲ ဖြစ်တာကြောင့် ပန်းချီကားရောင်းရငွေများကို နာဂစ် လေဘေးသင့်ပြည်သူများကို လှူဒါန်းမှာ ဖြစ်တဲ့အတွက် ပန်းချီကားများကိုလည်း သက်သာသော နှုန်းထားများနဲ့ ရောင်းချသွားကြောင်း သိရပြီး၊ ရောင်းရ ငွေများ ထဲမှ ၇ဝ% ကို လှူဒါန်းမှာဖြစ်ပြီး ၃ဝ% နှုန်းကို ပန်းချီပညာရှင်များ စိုက်ထုတ်ထားတဲ့ ပစ္စည်းတန်ဖိုး အဖြစ်ပြန်လည် ပေးအပ်မှာဖြစ်ကြောင်းသိရပါတယ်။

၁၂ လရာသီအလှစုံညီပွဲတော်မှာ ဖျော်ဖြေကြတဲ့ စတီရီယိုတေးသံရှင် များနဲ့ Hip-Hopလူငယ်များ

၂ဝဝ၈ ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့မှာ ကျရောက်တဲ့ မြန်မာအမျိုး သမီးများနေ့ကို ကြိုဆိုဂုဏ်ပြုတဲ့ ဖျော်ဖြေပွဲကို မြန်မာနိုင်ငံ အမျိုးသမီး ရေးရာ အဖွဲ့ချုပ်ရဲ့ ကြီးကြပ်မှုဖြင့် ရန်ကုန်တိုင်း အမျိုးသမီးရေးရာအဖွဲ့က စီစဉ်တင်ဆက် ခဲ့ရာမှာ ဆယ့်နှစ်လရာသီ အလှစုံညီမြင်သူ ရှုမဝ မြန်မာအမျိုးသမီး လှပဝတ်စားဆင် ယင်မှုပြပွဲကို ဇွန်လ ၂၆ ရက်နေ့က ရန် ကုန်မြို့၊ ဒဂုံမြို့နယ် မြို့မ ကျောင်းလမ်းရှိ အမျိုးသားကဇာတ်ရုံမှာ ကျင်းပသွားခဲ့ပါ တယ်။ မြန်မာအမျိုးသမီးလေးများက ၁၂ လရာသီ ဝတ်စား ဆင်ယင်မှု သရုပ်ဖော်ပြ ကွက်များနဲ့အတူ စတီရီယိုတေးသံရှင် များကလည်း တေးသီချင်းများ ဖျော်ဖြေ တင်ဆက်ခဲ့ ကြရာမှာ ခင်မောင်တိုး၊ ဘိုဖြူ၊ ဂရေဟမ်၊ ရဲအောင်၊ စိုင်းစိုင်းခမ်းလှိုင်၊ ရဲလေး၊ နိုင်းဝမ်း၊ Wai လျှံ၊ မေခလာ၊ သီရိဂျေမောင်မောင်၊ ယုဇန၊ စိုးစန္ဒာထွန်း၊ ယဉ်ယဉ်ထွန်း၊ ရွှေရည်သိန်းတန်၊ အိမ့်ချစ်၊ ချောစုခင်နှင့် တေးသံရှင်ကာကာတို့က တေးသီချင်းများနဲ့အတူ ဖြေဖျော်သွားခဲ့ကြ ပါတယ်။

တချိန်က Emperor အဖွဲ့ရဲ့ Drummer ဝေထွန်း (န၀ရတ်) Drum သင်တန်း

မြန်မာပြည်ဂီတလောကရှိ အတီးပညာရှင်များအတွင်းမှာ အောင် မြင်ကျော်ကြားခဲ့တဲ့ Drummer ဝေထွန်းက မျိုးဆက်သစ်လူငယ် Drum ဝါသနာရှင်များအတွက် Drum သင်တန်းတစ်ခုကို မကြာခင်ကာလမှာ ဖွင့်လှစ်တော့မှာဖြစ်ကြာင်း သိရပါတယ်။ အတီးပညာ ရပ်များကို စိတ်ဝင်စားပြီး စနစ်တကျသင်ယူလိုတဲ့ မျိုးဆက်သစ် လူငယ်များအတွက်လည်း ဂစ်တာ၊ စန္ဒရား၊ Drum စတဲ့ တူရိယာသင်တန်း များကို တတ်ကျွမ်းတဲ့ ဆရာများနဲ့ ပူးတွဲပြီး လူငယ်များအတွက် သင်ကြား ပေးမှာဖြစ်ပြီး၊ Drum သင်တန်းတစ်ခု ကိုတော့ သူ့ရဲ့ ဆရာရင်းဖြစ်တဲ့ အော် စကာသန်းတင် (ယခင်The Aces) အဖွဲ့မှ Drummer နဲ့အတူ ပူးတွဲပြီး သင်ကြားပေးမှာဖြစ်ရာ သင်တန်းကို အတန်း ၃ တန်း ခွဲပြီး သင်ကြားမှာ ဖြစ်ကြောင်း သိရပါတယ်။ ပထမတန်း၊ ဒုတိယတန်း၊ တတိယတန်းများအနေနဲ့ သင်ကြားမှာ ဖြစ်ပါတယ်။ ယခု သင်တန်းကို မကြာခင်မှာ ဖွင့်လှစ်တော့ မှာဖြစ်တဲ့အတွက် သင်ရိုးညွှန်းတမ်းများ ကို ရေးသားထားပြီးဖြစ်ကြောင်း သိရ ပါတယ်။

Hip-Hop တေးသံရှင် Wai လျှံရဲ့ 'အေးဆေးပါ အေးဆေးပါ' စီးရီး သစ်မိတ်ဆက်ပွဲကျင်းပ

လူငယ် Hip-Hop show များမှာ ပရိသတ်ခိုင်မာလာခဲ့တဲ့ Wai လျှံ၊က သူ့ရဲ့ ပထမခြေလှမ်းဖြစ်တဲ့ 'အေးဆေးပါ အေးဆေးပါ' လို့ အမည် ပေးထားတဲ့ တစ်ကိုယ်တော် အယ်လ် ဘမ်သစ်တစ်ချပ် ထွက်ရှိလာခဲ့တဲ့ အတွက် အဲဒီစီးရီးနဲ့ ပတ်သက်ပြီး စာနယ်ဇင်း ရှင်းလင်းပွဲကို ၂၁-၆-၂ဝဝ၈ နေ့ နေ့လယ် ပိုင်းက ရန်ကုန်မြို့ City Star Hotel မှာ ကျင်းပသွားခဲ့ပါတယ်။ အဲဒီတေးစီးရီးမှာ လူငယ်ဂီတအနုပညာရှင်များဖြစ်ကြတဲ့ စိုးလင်း၊ ဟဲလေး၊ လင်းပင်ဟိန်း၊ ရသ၊ ဟိန်းမြတ်၊ ကျော်ထွဋ်ဆွေ၊ စိုးမိုးသန်း၊ ဒီယံ၊ ကမ်နူး၊ ရတနာမိုင်၊ ဗလ၊ ရှမ်းစတဲ့ လူငယ် အနုပညာရှင်များရဲ့ တေးစာသားလက်ရာ များ၊ ဂီတသံစဉ်ဖန်တီးမှုများပါဝင်ကြပါ တယ်။ တေးသီချင်းများကို Pro, Audio Factory စတူဒီယိုများမှာ အသံသွင်းယူ ထားကြောင်းသိရပါတယ်။ Wai လျှံရဲ့ တေးစီးရီးထွက်ရှိမှုအတွက် အမှတ်တရ လက်မှတ်ထိုးပွဲများကို လည်း ၆-၇-၂ဝဝ၈ နေ့မှာ Happy Worldကစားကွင်း၊ သာကေတရှိ Capital Hyper Market နဲ့ ၁၂-၇-၂ဝဝ၈ နေ့မှာ မန္တလေးမြို့ရှိ 78 Shopping Mall တို့မှာ သူ့ကိုချစ်တဲ့ ပရိသတ်များနဲ့တိုက်ရိုက် တွေ့ဆုံပြီး လက် မှတ်ရေးထိုးခဲ့ပါတယ်။

Years 25th မေခလာ

မြူးမြူးကြွကြွ တေးသီချင်း များကို အဓိကထားသီဆိုတတ်တဲ့ တေးသံရှင်မေခလာက သူမရဲ့ ဂီတ သက်တမ်း ၂၅ နှစ်ပြည့် အထိမ်းအမှတ် အနေနဲ့ သူမရဲ့ ဖြေဖျော်ပွဲတစ်ခုကို ပြီးခဲ့တဲ့ ၂ဝဝ၇ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့ ညက ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်မှာ စည်စည်ကားကား ကျင်းပခဲ့ပါတယ်။ အဲဒီ ကျင်းပပွဲကို မေခလာနဲ့အတူ PuPa Cosmetics တို့ ပူးပေါင်းတင်ဆက်ခဲ့ကြ တာဖြစ်ပါတယ်။ မေခလာရဲ့ အောင်မြင် ခဲ့တဲ့ တေးသီချင်းတွေကို သူမနဲ့အတူ ကိုင်ဇာ၊ ဇော်ပိုင်၊ Rဇာနည်၊ Lလွန်းဝါ၊ ဟဲလေး၊ ဇယံဓ၊ မင်းထက်၊ မေခလာ၊ ဖြူဖြူကျော်သိန်း၊ Lဆိုင်းဇီ၊ ရတနာတို့ ကလည်း ပါဝင်သီဆိုပေးခဲ့ကြပါတယ်။ ဂီတလောကရဲ့ နာမည်ကြီးတေးရေး ဆရာများဖြစ်တဲ့ ကိုလေးလွင်၊ ဝင်းမင်း ထွေး၊ ပုသိမ်မောင်စိမ်းသူ၊ နိုင်မြန်မာ၊ ကိုင်ဇာ၊ စိုးလွင်လွင်တို့ရဲ့ လက်ရာ တေးသီချင်းကောင်းများဖြစ်ပါတယ်။Lazy Clubရဲ့ တီးခတ်မှုတွေနဲ့အတူ Lynn Studio မှာ အသံသွင်းယူထားခဲ့တာ ဖြစ် ပြီး၊ Iron Cross တေးထုတ်လုပ်ရေးမွှTape, CD, VCD, DVD အဖြစ် ထွက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ အဲဒီတေးစီးရီးထွက်ရှိလာမှု အတွက် စာနယ်ဇင်းရှင်းလင်းပွဲကိုလည်း ပြီးခဲ့တဲ့ ဇွန်လ ၁၉ ရက်နေ့က မဟာ ဗန္ဓုလပန်းခြံလမ်းမှာရှိတဲ့ Mr.Brown Cafeမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

ဒဲဒီ
Back To Top
   
Posted Date : Tuesday, August 26, 2008
Home | Articles | Comics | Coverstory | Download | Guiter Library | Interview | International | Lessons | Let's go to Studio | Testimonial
Copyright © Alinkar Musics & Entertainment Journal. All rights Reserved.Powered By CronyNetz.